မြန်အောင်ခရိုင်အတွင်း ဆီထွက်သီးနှံ ဆောင်းနေကြာ လျာထားဧက (၄၈၄၅၄)ဧက စိုက်ပျိုး သွားမည်
Sep 17,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်သည် မြန်အောင်ခရိုင်အတွင်း ဆီထွက်သီးနှံ ဆောင်းနေကြာ လျာထားဧက (၄၈၄၅၄) ဧက စိုက်ပျိုးရေး အတွက် ယမန်နေ့ နေ့လယ် ၂ နာရီက မြန်အောင်ခရိုင် ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။