သတင်းများ

ဒဂုံမြောက်၌ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ဌာနဆိုင်ရာများစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက (၂၉)ရပ်ကွက်ရှိ အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မိုင်းယန်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး
Sep 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ရေးအတွက် မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ပါမိုင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီက  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့ မဟာတေဇာဓိပတိစေတီတော်၌ အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်ကြီးကြပ်မှုဖြင့်  ယနေ့နံနက် ၈ နာရီအချိန်က မိုင်းပန်မြို့အဝင် မဟာတေဇာဓိပတိစေတီတော်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်အတွင်းရှိ အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် SPIC/ ACHC ကုမ္ပဏီမှ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းမှု ပြည်နယ်ဝန်ကြီးချုပ်လက်ခံရယူ
Sep 17,2022
ကချင်ပြည်နယ်အတွင်းရှိ အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် SPIC / ACHC ကုမ္ပဏီတို့မှ မြန်မာငွေကျပ် ၂၅၉ သိန်းကျော်တန်ဖိုးရှိ ကုလားပဲ၊ ဆီ၊ ကြာဆံ စသည့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လက်ခံရယူခဲ့သည်။
နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 17,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်မှုဖြင့် မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ယမန်နေ့ညနေ(၃)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။   
ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 17,2022
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တာဆီးထိန်းချုပ်နိုင်ရေး၊ ကူးစက်ပြန့်ပွားမှုလျော့ကျစေရေးနှင့် ပြည်သူများအိုမီခရွန်ရောဂါ ပိုးကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ယနေ့နံနက်(၇)ခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများမှ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ ၆၂ လမ်းနှင့် မင်းကြီးကနောင်လမ်း မီးပွိုင့်လမ်းဆုံတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မင်းဘူးမြို့ ကုလားကုန်းအဝိုင်းပတ်၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 17,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ ကုလားကုန်း အဝိုင်းပတ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် နိုင်ငံ့ဝန်ထမ်း အသက်အာမခံလုပ်ငန်းဆိုင်ရာ ဟောပြောပွဲကျင်းပ
Sep 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးမြို့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံလုပ်ငန်းဆိုင်ရာ သိမှတ်ဖွယ်ရာဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။