ခန္တီး စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့ဝင်များနှင့် ဆရာဦးဝင်းတင်ရေးသားထားသော " ကိုယ်သာလျှင်ကိုယ့်ဘဝသခင် " စာအုပ်ဖြင့် စာဖတ်ဝိုင်းနွေးဆွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်ကြည်ကြည်မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် စာဖတ်ရခြင်း၏အကျိုးကျေးဇူးအား ရှင်းလင်းပြောကြားခဲ့ပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်တင်မာဉီးမှ မိမိဘဝတိုးတက်မြှင့်မားရေးအတွက် စာအုပ်စာပေများ ဖတ်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍" ကိုယ်သာလျှင် ကိုယ့်ဘဝသခင် " စာအုပ်မှ (Youth Club)အဖွဲ့ဝင် မောင်အိုက်ဇက်ထောင်က " စာအုပ်များကို ဖွင့်ထားခြင်းသည် တံခါးများကို ဖွင့်ထားခြင်းဖြစ်သည်" စာပိုဒ်ဖြင့်လည်းကောင်း၊ မောင်ဝေယံလင်း က "စာအုပ်များမှတစ်ဆင့် သင်သည် ဘဝပေါင်းများစွာကို တစ်ဘဝတည်းမှာရနိုင် နေနိုင်သည်" စာပိုဒ်ဖြင့်လည်းကောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)