မန္တလေး စက်တင်ဘာ ၁၈
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်(၉)နာရီက ကဥ္စနမဟီရပ်ကွက်ရှိ မန္တလးဘူတာကြီးတွင် ရထားခရီသွား ပြည်သူများအား နှာခေါင်းစည်းများ (Mask) အခု(၁၅၀၀)ကျော် အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးဘူတာကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အခြားမြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်-မန္တလေး အမှတ်(၁) အဆန်ရထား ဆိုက်ရောက်လာစဉ် ရထားစီးခရီးသည်များနှင့် လာရောက်ကြိုဆိုသူများ၊ ရထားစီး ခရီးသွားမည့် ခရီးသွားများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးပိုစတာများပြသခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်စည်း(Mask) စနစ်တကျတပ်ဆင်ရေး၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးနှင့် ထပ်ဆောင်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံရေး အသိပညာပေးနှိုးဆော်ပြောကြားခြင်းများ၊ ခရီးသွားပြည်သူများအား နှာခေါင်းစည်း(Mask)အခုရေ (၁၅၀၀) ကျော် အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်