ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား/ ကျောင်းသူ များ၏ စွမ်းရည်မြှင့်ပြိုင်ပွဲကျင်းပ

ကလေး စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Commynity Centre)တွင် ကျောင်းသား/ကျောင်းသူများ၏ စွမ်းဆောင်ရည်မြှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းအောင်က ကျောင်းသားလူငယ်များကို ယခုကဲ့သို့ ပြိုင်ပွဲများကျင်းပပေးခြင်းအားဖြင့် စာဖတ်သည့် အလေ့ကျင့်ကောင်းများရရှိလာစေရန် ဖတ်မှတ်စွမ်းများမြင့်မားလာပြီး အထွေထွေ ဗဟုသုတတိုးတက်မြင့်မား၍ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများမှ ပုံပြင်ပြောပြိုင်ပွဲ၊ မြန်မာစာသတ်ပုံပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သူများနှင့် ဆုရရှိသူများအတွက် ဆုများနှင့်လက်ဆောင်ပစ္စည်းများကို မြို့နယ်ဦးစီးမှူးနှင့် စာကြည့်တိုက်မှူးတို့က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)