သတင်းများ

ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး​ ကျောင်းသား​၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ​
Jul 08,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ယ​နေ့နံနက်၀၉:၀၀ နာရီမှ ၁၁:၂၅ နာရီအချိန်ထိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးထိုး​ပေးခြင်း  ဆောင်ရွက်ခဲ့သည် ။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် အသိပေးနှိုးဆော်
Jul 08,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် အသိပညာ​ပေးနှိုးဆော်ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည် အသိပေး နှိုးဆော်ခဲ့သည်။
အလုံမြို့နယ်တွင် အခြေခံပညာအဆင့် ကျောင်းသား၊ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jul 08,2022
ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ​​ကျောင်းသား၊ ​ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိရာ ယ​မန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အမှတ်(၄)အ​ခြေခံပညာ အထက်တန်း​ကျောင်း၌  ​​၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ​ကျောင်းသူ(၂၀၅)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းနှင့် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ​ကျောင်းသူ(၁၈၃)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ပထမအကြိမ်ထိုးနှံ​ပေးပြီး စုစု​ပေါင်း ကျောင်းသား၊ ​ကျောင်းသူ(၃၈၈)ဦးအား  ကိုဗစ်-၁၉ ကာကွယ်​ဆေးများကို ​ ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မုက္ကဒိကျေးရွာ Smart village စီမံကိန်း ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 08,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံ မြို့နယ်မုက္ကဒိကျေးရွာ Smart village စီမံကိန်း ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြေရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ယမန်နေ့ ညနေ (၅)နာရီအချိန်၌ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြေရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။
သင်္ဃန်းကျွန်းကြီးစံပြကျေးရွာမင်္ဂလာစျေး၌ သတိပြုစရာ ကျွဲ၊ နွား၊ အရေပြား အကျိတ်နာရောဂါ လက်ကမ်းစာစောင်(အခမဲ့)ဖြန့်ဝေခြင်းနှင့် အသိပညာပေး နံရံကပ်ပိုစတာများပြသ
Jul 08,2022
ရန်ကုန်​တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးစံပြ ကျေးရွာအတွင်းရှိ မင်္ဂလာစျေး၌ စျေးဝယ်သူများနှင့် စျေးရောင်းသူများအား မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဒေါက်တာဒေါ်နေခြည်နွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ စျေးတာဝန်ခံ ဒေါ်သိင်္ဂီဇော်တို့က ယနေ့နံနက်( ၉)နာရီ(၃၀)အချိန်က သတိပြုစရာ ကျွဲ ၊နွား၊ အရေပြားအကျိတ်နာရောဂါ လက်ကမ်းစာစောင်(အခမဲ့)ဖြန့်ဝေခြင်းနှင့် အသိပညာ​​ပေး နံရံကပ်ပိုစတာများပြသခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသားကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး
Jul 08,2022
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးတည်အုပ်စုအလိုက် ကိုဗစ်ကာကွယ်ဆေးများ လွှမ်းခြုံထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အောက် ကျောင်းသားကလေးငယ် များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ဖျာပုံမြို့ အထက-၂ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ဖျာပုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။