ဒေးဒရဲမြို့နယ်၌ ကျေးရွာအုပ်စု စုပေါင်းသံဃနာယကအဖွဲ့ဆိုင်းဘုတ်တော်ဖွင့်ပွဲကျင်းပ
Sep 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မရမ်းဝကျေးရွာအုပ်စု၊ ဂွကလေးကျေးရွာ၊ မှော်ဘီစုကျေးရွာအုပ်စုများတွင် သာသနာတော်စည်ပင် ပြန့်ပွားရေးနှင့် သာသနာရေးရာ ကိစ္စရပ်များကို ပေါ်ပေါက်လာပါက အမြန်ဆုံး ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးအတွက် ကျေးရွာအုပ်စု စုပေါင်းသံဃနာယကအဖွဲ့ ဆိုင်းဘုတ်တော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီက ထနိပါတ်ကျေးရွာ၊ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။