နောင်တရားမြို့လက်ဖက်အချိုခြောက်စက်ရုံနှင့် အာလူးအအေးခန်းစက်ရုံသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာ

နောင်တရား စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌  တည်ဆောက်ထားသည့် လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံ စက်ရုံ၊ အာလူးအအေးခန်းစက်ရုံသို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ဆိုက်ခေါင်နှင့် ပင်လောင်းတို့မှ ကျောင်းသားကျောင်းသူများက ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာကြသည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆိုက်ခေါင်နှင့် ပင်လောင်းတို့မှ ကျောင်းသားကျောင်းသူများကို လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံ စက်ရုံမှ စက်ရုံးမှူးက လက်ဖက်အချိုခြောက်စက်ရုံသမိုင်းကြောင်းနှင့် လက်ဖက်အချိုခြောက် စက်ရုံလည်ပတ်ပုံအဆင့်ဆင့်နှင့် သစ်သီးအခြောက်ခံစက်လက်ပတ်ပုံ အဆင့်ဆင့်ကို လည်းကောင်း၊ စက်ရုံတည်ဆောက်ထားခြင်းကြောင့် ဒေသခံစိုက်ပျိုးရေးတောင်သူများ အကျိုးစီးပွားဖြစ်ထွန်းလာမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် အာလူးအအေးခန်းစက်ရုံ၌ နောင်တရားအာလူးအသင်းအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက အားလူးရာဇဝင်သမိုင်း၊ မျိုးအာလူးသစ်စိုက်ပျိုးမှု အခြေအနေနှင့် အာလူးအအေးခန်း လည်ပတ်ပုံအဆင့်ဆင့်နှင့် တောင်သူအကျိုးပြုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

လေ့လာရေးခရီးစဉ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဦးဆရာဖျော်၊ ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ ဆိုက်ခေါင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှကျောင်းအုပ်ကြီး ဦးခွန်အောင်မန်၊ ပင်လောင်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဒုကျောင်းအုပ် ဦးနိုင်ဦးတို့နှင့် ကျောင်းသား အုပ်ချုပ်သူများ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)