လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့်ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်တို့အတွင်း အခြေခံပညာမူလတန်းကျောင်းသူ၊ ကျောင်းသားများနှင့် စျေးများအတွင်း စျေးရောင်းစျေးဝယ်သူများ အသွားအလာပြည်သူများတို့ကို ယမန်နေ့နံနက် ၉ နာရီတွင် Mask Campaign များ ပြုလုပ်၍ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃)ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်တို့တွင် လူစည်းကားနေရာဖြစ်သော ကျောင်းများနှင့် စျေးတို့တွင် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုနှင့် တားဆီးကာကွယ်ရေးတို့အတွက် Mask များကို စနစ်တကျတပ်ဆင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်လမ်းညွန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်မှီအောင် ထိုးနှံကြရန်နှင့် ပါးစပ်၊ နှာခေါင်းစည်း(Mask) များတပ်ဆင်သွားလာကြရန် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပြည်သူများ နှာခေါင်းစည်း Mask ပုံမှန်တပ်ဆင်ကြရန်၊ ဈေးရောင်း၊ ဈေး၀ယ်၊ လမ်းသွားလမ်းလာပြည်သူများကိုMask များအခမဲ့ ဖြန်ဝေပေးလျက်ရှိကြောင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်၍ အဖွဲ့ဝင် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းတို့ ပူးပေါင်း၍ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ကြရန် Mask Campign အသိပညာပေး ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)