ပွင့်ဖြူမြို့နယ်တွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် မြစ်ကမ်းပါးနှင့် နီးကပ်နေသည့် လျှပ်စစ်ဓာတ်အားလိုင်းတိုင်အား ပြုပြင်ထိန်းသိမ်းဆောင်ရွက်

ပွင့်ဖြူ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက်ရည်ရွယ်၍  ယမန်နေ့က မြို့နယ်လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်း ကျေးရွာအုပ်စု၊ ဘိစပ်ခုံကျေးရွာအနီးကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းရှိ ဓာတ်အားလိုင်းတိုင်မှာ မြစ်ကမ်းပါးနှင့် နီးကပ်နေသဖြင့် ထိခိုက်ပျက်စီးမှု မဖြစ်စေရေး ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးရုံးမှ လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဘိစပ်ခုံကျေးရွာအနီး ဧရာဝတီမြစ်ကမ်းပါးနှင့် နီးကပ်နေသော ၁၁ ကေဗွီ ဓာတ်အားလိုင်းရှိ လျှပ်စစ်ဓာတ်တိုင်အား မြစ်ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်မှုမဖြစ်စေရေး စက်ယန္တရားအသုံးပြု၍ မြစ်ကမ်းပါးနှင့် ဝေးကွာသည့်နေရာသို့ ပြောင်းရွှေ့စိုက်ထူ၍ ထိန်းသိမ်းပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကော်ပိုရေးရှင်းရုံး လက်အောက်ရှိ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ ်ကင်းဝေးစေရန်၊ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် ဓာတ်အားပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းများတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင် ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းများ စဉ်ဆက်မပြတ် ကြံ့ခိုင်ကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာနေပြည်သူများ လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရကာ ယခုအခါ ပွင့်ဖြူမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုအနေဖြင့် ကျေးရွာပေါင်း ၂၀၅ ရွာရှိသည့်အနက် ကျေးရွာ ၁၇၆ ရွာတွင် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါမြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင်ထံက သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )