ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း BA-5 ရောဂါပိုး ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask တပ်ဆင်ရေးနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ဘူးသီးတောင် စက်တင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း BA-5 ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီက ဘူးသီးတောင်မြို့မှမောင်တောမြို့သို့ သွားရာ မြို့ဝင်/ထွက်ဂိတ်၌ လမ်းသွား/လမ်းလာသူများနှင့် စျေးရောင်း/စျေးဝယ်သူများအား Mask တပ်ဆင်ပြီးမှ အပြင်ထွက်ကြရန် အသိပညာပေး ဟောပြောပေးခြင်းနှင့် MaskCampaig ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျန်အေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လမ်းသွား/ လမ်းလာသူများနှင့် စျေးရောင်း/စျေးဝယ်သူများအား နှာခေါင်းစည်း Mask များကို အခမဲ့တပ်ဆင်ပေးခြင်း၊ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း BA-5 ရောဂါသည် ပြည် တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံကြရန်တို့ကို အကျယ်တဝင့် အသိပေးပြောကြားခဲ့ကြပြီး ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ၊ လမ်းသွားလမ်းလာများအား ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)