ရမည်းသင်းမြို့နယ်၌  မန္တ​လေး​ဆေးတက္ကသိူလ်မှ ​နောက်ဆုံးနှစ်အပိုင်း(က)(2/2022) ​ကျောင်းသား​၊ ကျောင်းသူများ လေ့လာရေးလာရောက်

ရမည်းသင်း စက်တင်ဘာ ၁၈

ရမည်းသင်းမြို့နယ်သို့ မန္တ​လေး​ဆေးတက္ကသိုလ်မှ နောက်ဆုံးနှစ်အပိုင်း(က)(2/2022) ​ကျောင်းသား​၊ ကျောင်းသူများ(၁၆)ဦးသည် စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်ထိ ရမည်းသင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများသို့ လေ့လာရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလေ့့လာရေးရောက်ရှိသည့် မန္တ​လေး​ဆေးတက္ကသိူလ်မှ ​နောက်ဆုံးနှစ် အပိုင်း(က) (2/2022) ​ကျောင်းသား​၊ ကျောင်းသူ(၁၆)ဦးကို ရမည်းသင်းမြို့ အမှတ်(၃)စစ်အခြေခံ လေ့ကျင့်ရေး တပ်၊တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမြင့်ထွန်းတို့က ကြီးကြပ်၍ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက် တာမြင့်မြင့်မော် ဦးဆောင်ကာ မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်း လေ့လာခဲ့ကြကြောင်း သိရသည်။

မန္တ​လေး​ဆေးတက္ကသိုလ်မှ ​နောက်ဆုံးနှစ်အပိုင်း(က)(2/2022) ကျောင်းသား​၊ ကျောင်းသူများမှ ကာကွယ်​ရေးနှင့် လူမှုရေး​ဆေးပညာဘာသာရပ်အတွက် ပြည်သူများ၏ကျန်းမာ​ရေး​စောင့်​ရှောက်မှုကဏ္ဍ၊ ကျန်းမာ​ရေးဝန်ထမ်းများ၏တာဝန်နှင့် ဝတ္တရားများ၊ ပြည်သူ့​ဆေးရုံနှင့်​ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနများ၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ မိခင်က​လေးဌာန၊​ကျောင်းကျန်းမာ​ရေးဌာနနှင့် ​ကျေးလက်ကျန်းမာ​ရေးဌာန/ဌာနခွဲများ၏ လုပ်ငန်း​ဆောင်ရွက်ချက်များ၊​ ရောဂါကာကွယ်နှိမ်နှင်း​ရေးလုပ်ငန်းများ ​အားမြေပြင်ကွင်းဆင်း​လေ့လာခြင်း၊ကိုးဗစ်ကာကွယ်​ဆေးအ​ပေါ် ပြည်သူအများ လက်ခံနိုင်မှု အ​ခြေအ​နေစစ်တမ်း​ကောက်ယူခြင်း၊ ပြည်သူများနှင့်ဆက်သွယ်​ရေး သတင်းအချက်အလက်များ မြေပြင်ကွင်းဆင်း​လေ့လာခြင်း၊ NGOs/INGOs များ၏ ကျန်းမာ​ရေး​စောင့်​ရှောက်မှုအ​ပေါ် ပါဝင်သည့် အခန်း ကဏ္ဍနှင့် ပူး​ပေါင်း​ဆောင်ရွက်ချက်များစသည့် လုပ်ငန်းစဉ်များကို  ကွင်းဆင်း​လေ့လာသင်ယူ​​ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)