ပုဇွန်တောင် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း Sinopharm ပထမအကြိမ် ထိုးနှံသူ (၁၉)ဦး၊ အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း Sinopharm ပထမအကြိမ် ထိုးနှံသူ(၁၉)ဦး၊ တတိယအကြိမ် Sinopharm ထိုးနှံသူ(၂၀၅)ဦး၊ (၆) လပြည့်ပြီး စတုတ္ထအကြိမ် Sinovoc ထိုးနှံသူ (၄၄)ဦး တို့အား ယမန်နေ့ နံနက် ၉:၀၀ နာရီက ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံသူပြည်သူများအား အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်