ကျောက်ဆည်မြို့နယ်တွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီတစ်ပိဿာ(၅၂၀၀)ကျပ်ဖြင့် ရောင်းချပေး
Sep 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ခရိုင်စားသုံး သူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာ ဖြင့် စားအုန်းဆီတစ်ပိဿာ (၅၂၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။