မြောင်းမြမြို့၊ မြင်းကကွင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာ အထက်တန်းကျောင်းသို့ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်

မြောင်းမြ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းသို့  ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ​မြင်းကကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ပထမဦးစွာ မြောင်းမြမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှ​ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အုန်းသိန်း၊ မြောင်းမြခရိုင် ပညာရေးမှူး ဦးစသိန်းကျော်၊ မြို့နယ်ပညာရေးမှူး ဦးအေးလွင်နှင့် ကျေးရွာရပ်မိရပ်ဖ ဦးစိုးနိုင် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက်​​ မြင်းကကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး မြောင်းမြမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၊ မြောင်းမြခရိုင် ပညာရေးမှူးရုံးမှူး ဦးစသိန်း​ကျော်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နှလုံးသားကို အလှဆင်ပါ သီချင်းဖြင့် ကျောင်းသား/သူလေးများက သီဆိုဖျော်ဖြေခဲ့ကြပြီး ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် အလံကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ခဲ့ပြီး ကျေးရွာရပ်မိရပ်ဖ ဦးအောင်ထွားမှ ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ ကျောင်းသူ၊ ကျေးရွာသူ/သား စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။

မြောင်းမြခရိုင် (ပြန်/ဆက်)