ကော့သောင်းမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး
Sep 19,2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံများ၏ ကြီးကြပ်မှုဖြင့် ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။