ကျောက်ဆည် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ခရိုင်စားသုံး သူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာ ဖြင့် စားအုန်းဆီတစ်ပိဿာ (၅၂၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီများရောင်းချရာတွင် ဝန်ထမ်း(၁)ဦးလျှင် စားအုန်းဆီ(၁)ပိဿာ (၅၂၀၀)ကျပ်နှုန်းဖြင့် မြို့နယ်အတွင်းရှိ ဌာနပေါင်း(၅၂)ဌာနမှ ဝန်ထမ်းပေါင်း(၁၆၂၈)ဦးအား တစ်ဦးလျင် စားအုန်းဆီ(၁)ပိဿာနှုန်း ဖြင့် (၁၆၂၈)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားအုန်းဆီများရောင်းချရာတွင် သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီရေး၊ စားသုံးသူများကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး ပြည်သူများ လက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာရောက်ရှိရေးနှင့် အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်