(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နမ္မတူ စက်တင်ဘာ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့ဝင်များမှ  စုပေါင်းသွေးလှူဒါန်းခြင်း၊ အများပြည်သူအသုံးပြုနေရာများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းစသည်ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ စုပေါင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၈)နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇောအောင်နှင့် တပ်ဖွဲ့ဝင် အင်အား (၂၀)၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံဝင်း အတွင်းနှင့်အပြင်ရှိ ခြုံ၊ နွယ်၊ ပိတ်၊ ပေါင်း၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်သရိုက်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇောအောင်ထံက သိရသည်။

လူမော် (ပြန်/ဆက်)