နမ့်ဆန် စက်တင်ဘာ ၁၉
(၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုများအား ရဲကွပ်ကဲမှုအဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း၊ ဦးစီးတပ်ဖွဲ့ဝင်များ၊ နမ့်ဆန်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးသန်းထွန်း ဦးစီးတပ်ဖွဲ့ဝင်များ၊ နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းစိုးသိန်းနှင့် ကျန်းမာရေး ဝန်ထမ်းများသည် ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲပြုလုပ်ခဲ့ကြောင်းနှင့် နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံတွင် သွေးလှူဒါန်းမှု ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)