ကျိန္တလီမြို့၌ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲကျင်းပ

ကျိန္တလီ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲနှင့်စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး၊ ဒေါ်သန်းသန်းလေးမှ ပြိုင်ပွဲများကျင်းပခြင်း၏ ရည်ရွယ်ချက်အား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင် ပန်းချီဝါသနာရှင် ကျောင်းသား/ သူ(၁၈)ဦးမှ စိတ်ကြိုက်ပန်းချီများရေးဆွဲ၍ ပါဝင်ယှဉ်ပြိုင် ကြရာ ဆုရကျောင်းသား/ သူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းသား/သူများအား အဖွဲ့၃ ဖွဲ့ခွဲ၍ ဘော်လုံးလက်ဆင့်ကမ်း ပြိုင်ပွဲအားကျင်းပခဲ့ရာ အဖွဲ့(၂)မှ ပထမဆုအားလည်းကောင်း အဖွဲ့(၁)မှ ဒုတိယဆုအားလည်းကောင်း အသီးသီးရရှိခဲ့ကြပြီး မြို့ဦးစီးမှူးမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိန္တလီ ပြန်/ဆက်