သတင်းများ

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်း အသိပညာပေး ဗီနိုင်းများချိတ်ဆွဲ
Sep 19,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းသို့ စျေးရောင်းစျေးဝယ်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ လိုက်နာစေရေး အသိပညာပေး ဗီနိုင်းများချိတ်ဆွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Sep 19,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်းသိရသည်။
ကျုံပျော်တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်းများဆောင်ရွက်
Sep 19,2022
ယာဉ်တိုက်မှုကြောင့် နှစ်စဉ် အသက်ပေါင်းများစွာ ဆုံးရှုံးလျှက်ရှိရာ ထိုသို့ မဖြစ်ပေါ်ရေးနှင့် စည်းကမ်း လိုက်နာ၍ ဘေးအန္တရာယ် ကင်းဝေးရေးတို့ အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်း ကို မြို့အဝင် အင်းရဲလမ်းဆုံ၌ စက်တင်ဘာလ ၁၉ ရက်နေ့က ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်
Sep 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများနှင့် ရောဂါကူး စက်မှုမရှိစေရန်၊ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြု သွားလာကြစေရန်အတွက် 
လဲချားတွင် စာပေဝါသနာရှင်လူငယ်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Sep 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် စာပေဝါသနာရှင်များ၏ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့တွင် ဆီကုန်သည်ကြီးများအသင်းမှ အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး
Sep 19,2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် မြစည်းခုံဘုရားကြီးဈေးတောင်ဘက် ဒေါ်မိုးမိုးဆီဆိုင်၌ ယနေ့နံနက် (၈) နာရီခွဲမှ စတင်၍စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများနှင့် ဌာနဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်း အဖွဲ့တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေး
Sep 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံခန်းမ၌ ကျေးရွာအုပ်စုအတွင်းရှိ ဒေသနေပြည်သူများနှင့် ဌာနဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ စုပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်ကဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ငါန်းဇွန်မြို့တွင် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်
Sep 19,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့နှင့် အခြေခံပညာအထက်တန်းကျောင်းရှေ့တို့တွင် ယနေ့နံနက် ၈ နာရီအချိန်က အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း Mask စနစ်တကျ တပ်ဆင်ရေးသွားလာရေး Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။