လှည်းကူး စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် ရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ ရဲတပ်ဖွဲ့ဝင်များက ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေး လှူဒါန်းကြောင်း သိရသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းရာတွင် လှည်းကူးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ယာယီရဲမှူး အောင်မင်းနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာသီင်္ဂိမြင့်တို့က လှည့်လည်ကြည့်ရှု အားပေးကြပြီး သွေးလှူရှင်များအတွက် အာဟာရဖြစ်စေသော အစားအစာများ၊ ဆေးဝါးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)