ပန်းတောင်း စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၇:၀၀)က ပန်းတောင်းမြို့နယ် ဥသျှစ်ပင်ရှိ စည်ပင်သာယာစျေးများတွင် စျေးရောင်းစျေးဝယ်သူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစုရပ်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအေးကြိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကာကွယ်ဆေးထိုးနှံပြီး ၆လနှင့်အထက်ရှိသူများအား ထိုးနှံပေးလျက်ရှိရာ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်စျေးအတွင်းရှိ စည်ပင်သာယာစျေးများအတွင်း စျေးရောင်းစျေးဝယ်များနှင့် ပြည်သူများအား နေ့စဉ် ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။
အလားတူ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင်လည်း နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင်လည်း အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)