ရမ်းဗြဲမြို့နယ် စာရင်းစစ်ရုံး အဆောက်အဦးသစ်ဖွင့်ပွဲ ကျင်းပ
Jul 07,2022
ရမ်းဗြဲမြို့နယ် စာရင်းစစ်ရုံး အဆောက်အဦးသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က မြို့နယ်ရုံး ဆိုင်းဘုတ်အား မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်သန်းနှင့် မြို့နယ် စာရင်းစစ်အရာရှိ ဒေါ်စောသူဇာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။