ရေဆင်း-၁၄ ပဲတီစိမ်းများ စျေးကွက်သို့ တင်ပို့ရောင်းချ
Jul 07,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ တောင်သူများသည် မိုးစိုက်သီးနှံများအဖြစ် နှမ်းလျင်၊ ပင်ထောင်မြေပဲ၊ ပဲတီစိမ်း၊ ပဲနောက်သီးနှံများစိုက်ပျိုးခဲ့ရာ ယခုအခါပဲတီးစိမ်းသီးနှံတစ်မျိုးဖြစ်သည့် ရေဆင်း-၁၄ ပဲတီစိမ်းများရင့်မှည့်သဖြင့် ရိတ်သိမ်းခူးဆွတ်၍ စျေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။