ကြံခင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်ဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းရှိ/မရှိ အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ လမ်းမတော်လမ်း၊ မြို့ဝင် လမ်းထိပ်နှင့် ပန်းရံစုလမ်းထိပ်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကြံခင်းမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရန် ကြံခင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ဝင်းဇော်ဌေး ဦးဆောင်သော တာဝန်ရှိသူများက အဖွဲ့များခွဲပြီး နေ့စဉ်မော်တော်ဆိုင်ကယ် စီးနင်းသူ များတွင် ဆိုင်ကယ်စီးဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုး တပ်ဆင်ပြီးစီးရန်၊ မော်တော်ယာဉ်များတွင် ပါရှိရမည့် အချက်များ၊ ဘက်မှန်၊ နံပါတ်ပြားနှင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်ဦးထုပ်များ အသုံးပြုခြင်းရှိ/မရှိ အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး စည်းကမ်းလိုက်နာမှုမရှိသော ယာဉ်နှင့် ယာဉ်ပိုင်ရှင်များအား ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)