ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ (Positive Centre) နှင့် (Quarantine Centre) ထားနိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

သရက် စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ (Positive Centre)နှင့် (Quarantine Centre) ထားရှိနိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံက် (၇;၃၀)နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။         

အဆိုပါသန့်ရှင်းရေး ဆောင်ရွက်ရာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါ (Positive Centre)နှင့် (Quarantine Centre) ထားရှိမည်ဖြစ်၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးကျောင်း ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများက သစ်ပင် ခြုံနွယ်များ၊ ပေါင်းမြက်များ နှင့်လမ်းဘေးဝဲယာရှိ အမှိုက်များလှည်း၍ သိမ်းဆည်းဆောင်ရွက်ခြင်းနှင့် (Quarantine Centre)  ထားရှိမည့် အခန်းများအား သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရေ၊ မီးများ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခဲ့ခြင်း၊ ကုတင်များ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လန်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

သရက်ခရိုင် ပြန်/ဆက်