သာစည် စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ မိုးရာသီတွင် မိုးစပါး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ရရှိစေရန် မျိုးသန့်စိုက်ခင်းများစိုက်ပျိုးလျက်ရှိရာစိုက်ပျိုးပြီးသော စိုက်ခင်းများကို ဓာတ်မြေဩဇာအချိန်ကိုက်အချိုးညီ သုံးစွဲတတ်စေရန်နှင့် အလေအလွင့်နည်းပါးစေရန် နည်းပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မင်းလှကျေးရွာအုပ်စု ကွင်း အမှတ် ၁၈၄၂ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာ မနောသုခမျိုးစေ့ထုတ် စိုက်ခင်း ၄ ဧက၌ နည်းပညာပေးခြင်းနှင့်စုပေါင်းမြေဩဇာကြဲပက်ခြင်း ပြုလုပ်ကြောင်း သိရ သည်။
စုပေါင်းမြေဩဇာကြဲပက်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဌေးဌေးက မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများတွင် ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးညီ သုံးစွဲတတ်စေရန်နှင့် အလေအလွင့်နည်းပါးစေရန် နည်းပညာများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများစုပေါင်း၍ စိုက်ခင်းအတွင်း ပေါင်းရှင်းခြင်း၊ ဓာတ်မြေ ဩဇာကြဲပက်ခြင်းနှင့် တမန်းနှိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စုပေါင်းမြေဩဇာကြဲပက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်တောင်သူများ တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)