မြိတ်မြို့တွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော

မြိတ်   စက်တင်ဘာ  ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အနာဂတ်တိုင်းပြည်၏ သားကောင်း သမီးကောင်းရတနာ ကျောင်းသား/သူများအား အသိပညာ ဗဟုသု တတိုးပွားစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့်အန္တရာယ်များကိုသိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို အထက (၃)မြိတ် ပညာရတနာခန်းမတွင် ယနေ့ နေ့လယ်(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောရာတွင် မူးယစ်အစ ဆေးလိပ်က၊ ကွမ်းစားသုံးခြင်းအန္တရာယ်နှင့် သတိပေးနှိုးဆော်ချက်များ၊ ခံတွင်းကင်ဆာဖြစ်ပွားခြင်း၊ မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးများ၏ ဘေးအန္တရာယ် ဆိုးကျိုးများအကြောင်း၊ အွန်လိုင်းတွင် တွေ့မြင်ရသည့် မူး‌ယစ်ဆေး ဝါးများ အကြောင်း၊ မြန်မာနိုင်ငံတွင်တွေ့ရှိရသော မူးယစ်ဆေးဝါးများအကြောင်းကို   ကျောင်းသား/သူအား အမှတ်(၃၅) မူးယစ်တပ်ဖွဲ့စု (မြိတ်)မှ တပ်ဖွဲ့စုမှူး ရဲမှူး ဆန်းညွန့်အောင်က  Power Point ဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)