သတင်းများ

မြဝတီမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 21,2025
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝင်း၌ ကျင်းပခဲ့သည်။
ချမ်းမြသာစည်မြို့နယ် သူရိန်နန်းကိုယ်ပိုင် အထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Jan 21,2025
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတ ရရှိပြီးနိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနသည် အခြေခံပညာပညာ‌ကျောင်း များ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာ ဟောပြောပွဲများကို ကျင်းပ‌ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သူရိန်နန်း ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ်၊ လူထုအခြေအနေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဇော်ထူးနိုင်စာပေတိုက်က ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော စာရေးဆရာ(၇)ဦးအား ဇော်ထူးနိုင်စာပေတိုက်က ထပ်ဆင့်ဂုဏ်ပြု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်တွင် ကျင်းပခဲ့သည်။
ရန်ကင်းမြို့နယ်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ပညာရေးဒီဂရီကောလိပ်၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က  မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒလမြို့တွင် သားဆက်ခြားနည်းလမ်းများအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တွံတေးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ဒလမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သားဆက်ခြားနည်းလမ်းများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဒလမြို့နယ်ပြည်သူ့ဆေးရုံ ရုံးခန်းမ၌ ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 21,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေဖတ်ရှုခြင်း ဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ဘိုးနက်(မြောက်) (အ.မ.က)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ယာယီနေရပ်စွန့်ခွာ မိသားစု (၅၃၀)စုအား အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ်
Jan 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာ မိသားစု (၅၃၀)စုအား ယမန်နေ့နံနက် (၉)နာရီက အိမ်အသုံးဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် ဌာနဆိုင်ရာရပ်ကွက်ကျေးရွာလုပ်ငန်းညှိနှိုင်းဆွေးနွေး
Jan 21,2025
သန်လျင်ခရိုင်၊သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။