ဒလ ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တွံတေးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ဒလမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သားဆက်ခြားနည်းလမ်းများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဒလမြို့နယ်ပြည်သူ့ဆေးရုံ ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ကို ၃၀-၄-၁၉၉၀ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မွေးကင်းစကလေးကျန်းမာရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ ကိုယ်ဝန်ဆောင်မိခင်များ စောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်စဉ်သတိပြုရမည့်အချက်များ၊ သားဆက်ခြားနည်လမ်းများအကြာင်းပြောကြားခဲ့ပြီး ဒလမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးသီဟမှ သားဆက်ခြားနည်းများနှင့်ပတ်သက်၍ ဟောပြောခဲ့သည်။ တက်ရောက်လာသူကိုယ်ဝန်ဆောင်မိခင်များမှ သိရှိလိုသည်များမေးမြန်းရာ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းနွယ်မှ ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် တွံတေးခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား ငှက်ပျောသီးနှင့်ကြက်ဥများ ထောက်ပံပေးအပ်ခြင်း၊ အသင်းပိုင်သားဖွားခန်းအတွက် သားဖွားခန်းသုံး ပစ္စည်းများထောက်ပံ့ခြင်း၊ မွေးဖွားပြီးစမိခင်နှင့် ကလေးများအား စောင်နှင့်ထောက်ပံ့ငွေများပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ပောာပြောပွဲသို့ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ မြို့နယ်ကျန်းမာရေးဆရာမများ၊ ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြသည်။
အေးမြမိုး(ပြန်ဆက်)