သတင်းများ

ဖောင်းပြင်မြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြန်ဆန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်
Feb 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ပြည်သူလူထုပူးပေါင်း၍ မီးလောင်မှုဖြစ်ပွားပါက ထိရောက်မြန်ဆန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို အင်ကြင်းမြိုင်ရပ်ကွက်၊ အောင်ဆန်းလမ်း၊ လမ်းအမှတ်-၃ ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကြောင်းသိရသည်။
လဲချားတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝမ်ကန်ကျေးရွာ ဘက်စုံသုံးခန်းမဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 10,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝမ်ကန်ကျေးရွာဘက်စုံသုံး ခန်းမဖွင့်ပွဲအခမ်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါခန်းမတွင် ကျင်းပခဲ့ပါသည်။
ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း
Feb 10,2025
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ယမန်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက စုပေါင်းအားဖြင့် ပြည်သူများက တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများအပေါ် စေတနာမေတ္တာ တုံ့ပြန်သောအားဖြင့် စားသောက်ဖွယ်ရာများ စုပေါင်းကြော်လှော်ချက်ပြုတ်နေမှုနှင့် ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုးနေမှုများအား သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကျင်းပ
Feb 10,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရေတာရှည်မြို့နယ်၌ ကြံအထူးအထွက်တိုးစိုက်ပျိုးနည်းစနစ် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်
Feb 10,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကြံသီးနှံမျိုးသန့်ခြံ(ဘိုးတော်ကုန်း)၌ ကြံသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအထွက်တိုးကြံစိုက်ပျိုးနည်းစနစ်ဖြင့် ကြံစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Feb 10,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
တန့်ယန်းမြို့နယ်တွင် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Feb 10,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဌာနဆိုင်ရာများ၊ ရပ်ကွက်များ၊ အသင်းအဖွဲ့များစုပေါင်း၍ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲ ကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
မိုင်းတုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဟောပြောပွဲနှင့် ကလေးပြိုင်ပွဲများ ပြုလုပ်
Feb 10,2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင်‌ ဟောပြောပွဲ၊အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံ‌ပြောပြိုင်ပွဲများကို ယမန်‌နေ့က ကျင်းပခဲ့ကြောင်းသိရသည်။