ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ယာယီနေရပ်စွန့်ခွာ မိသားစု (၅၃၀)စုအား အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ်

ပုလော ဇန်နဝါရီလ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာ မိသားစု (၅၃၀)စုအား ယမန်နေ့နံနက် (၉)နာရီက အိမ်အသုံးဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ဒုတပ်ခွဲမှူး ဦးဝင်းသိန်းဦးစီး၍ တပ်ဖွဲ့ဝင် (၂၀)ဦးက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အိမ်ထောင်စု (၁)စုလျှင် အိမ်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဒန်အိုး/ဒန်ခွက်၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ ရေပုံး၊ တာလပတ်၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ လက်ဆေးဆပ်ပြာရည်၊ ဆိုလာဓာတ်မီးတို့ဖြစ်ကြောင်းသိရပြီး မြို့ပေါ်ရပ်ကွက်အတွင်း ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သည့် အိမ်ထောင်စု  (၅၃၀)စုအတွက်  ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

အေးအေးမော်(ပုလော)