ချမ်းမြသာစည် ဇန်နဝါရီ ၂၁
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတ ရရှိပြီးနိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာပညာကျောင်း များ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာ ဟောပြောပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သူရိန်နန်း ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စီမံအုပ်ချုပ်သူ ကျောင်းအုပ်ဆရာကြီး ဆရာကြီးဦးတင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းက Moderatorအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade(10)နှင့် Grade (11)ကျောင်းသား၊ ကျောင်းသူလေးများက “လူငယ်နှင့်နည်းပညာ” “လူငယ်နှင့်သဘာဝပတ်ဝန်းကျင်”၊ “လူငယ်နှင့်အနုပညာ”၊ “လူငယ်နှင့်အားကစား” “လူငယ်နှင့်ငြိမ်းချမ်းရေး” စသည့်ခေါင်းစဉ်များကို အသီးသီးဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လူငယ်စကားဝိုင်းသို့ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ သူရိန်နန်းကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့