သတင်းများ

လိပ်သိုမြို့ အလယ်ချောင်းကျေးရွာ၌ အသက်(၁) နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေး
Jan 21,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်နှင့် ကျေးရွာများရှိ အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အလယ်ချောင်းကျေးရွာ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 21,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ သိရှိရှောင်ရှားနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းပြုလုပ်
Jan 21,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်း‌ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၏ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၁၀)အချိန်က အ.ထ.က(ခွဲ) ပိုးစာကုန်းကျောင်းတွင် ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားတက်ရောက်
Jan 21,2025
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
တောင်ငူမြို့နယ်၌ နွေစပါးဧက ၂၀၀၃၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိ
Jan 21,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ နွေစပါးစိုက်ပျိုးခြင်း စွမ်းအားတိုးတက်မြင့်မားရေးအတွက် နွေစပါးစိုက်ပျိုးခြင်းကို ဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်၊ ရေစုပ်စက်စနစ်နှင့် မြေအောက်ရေစနစ်တို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်နွေစပါးဧက ၂၀၀၃၀ စိုက်ပျိုးရန်လျာထားပြီး ဇန်နဝါရီလအတွင်း ဧက ၁၆၄၀၆ ကျော်စိုက်ပျိုးပြီးစီးကြောင်းနှင့် လျာထားစိုက်ဧကများ အားလုံးပြီးစီးအောင် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ စပါးအထွက်နှုန်းကောင်းမွန်သည့် ရက် (၉၀)၊ နှံကောက်၊ ဆင်းသုခ စပါးမျိုးများစိုက်ပျိုးရန်လျာထားပြီး စိုက်ပျိုးနည်းစနစ်အရ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ၊ ပျိုးထောင်စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 21,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက တက္ကသိုလ်ဘက်စုံသုံး အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Jan 21,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။