သတင်းများ

ပခုက္ကူမြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ပုံမှန်အတိုင်း ဆက်လက်ထုတ်ပေး
Jan 21,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်ထုတ်ပေးလျက်ရှိရာ ယခုလ ၂၁ ရက်မှစတင်ပြီး ပုံမှန်အတိုင်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး
Jan 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ‌ယနေ့နံနက်ပိုင်းက ရွှေပြည်သာဈေးနှင့် မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
သာစည်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
Jan 21,2025
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် ဆော်ဩခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံပေးရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jan 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
လပွတ္တာခရိုင် (၃)မိုင်မြို့၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း  ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းပညာ အထောက်အကူပြု ဆပ်ပြာဆီအမျိုးမျိုးနှင့် ခေါင်းလျှော်ရည်အမျိုးမျိုးပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
Jan 21,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ရာဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းအ‌ဆင်ပြေစေရန်၊ တစ်ဘက်တစ်လမ်းမှ မိသားစု ဝင်ငွေရရှိပြီး စီးပွားရေးအဆင်ပြေစေရန်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရန် ရည်ရွယ်ကာ ဆပ်ပြာဆီအမျိုးမျိုးနှင့် ခေါင်းလျှော် ရည်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို အုန်းလက်ကောက်ကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ကလောမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Jan 21,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့စီးပွားဘဏ်တွင် ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကလောမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် နန်းဩကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက နန်းဩကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။