သတင်းများ

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်
Jan 22,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ မြင်းခြံကျော်အောင် ရေးသားသော ကြီးပွားချမ်းသာနည်းများစွာ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။
ကျိုင်းလပ်မြို့ Community Centre ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Jan 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးများအား စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတတ်စေရေးအတွက် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။ 
ဆင်ပေါင်ဝဲမြို့ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများဆောင်ရွက်
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြန်မာ့စီးပွားရေးဘဏ်ရုံးအတွင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
နတ်မောက်မြို့နယ် တောင်ထောင့်ကျေးရွာအုပ်စုတွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးထားရှိသော ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်း
Jan 22,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တောင်ထောင့်ကျေးရွာအုပ်စုတွင် ဆိုလာစနစ်ဖြင့် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ မိုးနှမ်းအပြီးဆောင်းနေကြာ၊ ခရမ်းချဉ်နှင့် ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက် (၇) နာရီအချိန်ခန့်က စတင်ပြီး ထုတ်ပေး လျက်ရှိသည်။
မိုးနဲမြို့နယ်၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုသောအားဖြင့် ကဗျာရေးဖွဲ့ပြိုင်ပွဲ ကျင်းပ
Jan 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုသောအားဖြင့် အခြေခံပညာအလယ်တန်းအဆင့် ကဗျာရေးဖွဲ့ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေ ပုံမှန်ထုတ်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေး
Jan 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၈ နာရီခွဲက ပင်စင်လစာငွေများ စနစ်တကျ ပုံမှန်ထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာတွင် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်လုပ်သူရော စားသုံးသူပါ ဘေးကင်းလုံခြုံသော အရည်အသွေးမြင့်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့က ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။