အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်အတွင်းရှိ အဆောင်များတွင် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

ဒဂုံတောင် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်အတွင်းရှိ အဆောင်များတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ညနေ ၃ နာရီတွင် ဆောင်ရွက်ကြောင်း သတင်းရရှိသည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲဝင်များ တည်းခိုနေထိုင်သည့် စွယ်တော်ဆောင်၊ ကုမုဒြာဆောင်၊ သရဖူဆောင်၊ မဉ္ဇူဆောင်များတွင် ပြိုင်ပွဲဝင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြိုနယ်မီးသတ်ဦးစီးမှူးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးဖြင့် ဆောင်ရွက်ပေးကြောင်းသိရသည်။

သန်းသန်းအေး(ပြန်/ဆက်)