မန္တလေးခရိုင် စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးမှ မိမိတို့မန္တလေးတိုင်းဒေသကြီးအနေဖြင့် ခရိုင်ရုံးနှင့်မြို့နယ်ရုံး စာကြည့်တိုက်များအား ခေတ်စနစ်နှင့်အညီ Digital Library စနစ်သို့ ပြောင်းလဲရာတွင် Library Management System Software ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရတော့မည် ဖြစ်ကြောင်း၊ စာကြည့်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများ စတင် ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရေး၊ စာကြည့်တိုက်အခန်း ကဏ္ဍမြင့်တင်ရေးအတွက် Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မာအေးက Library Management System Software နှင့် ပတ်သက်၍ ကတ်တလောက်လုပ်ငန်း၊ စာစုစာရင်းသွင်းခြင်း၊ စာငှားလုပ်ငန်း၊ အစီရင်ခံစာ စသည့်တိုကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကာလမှာ (၂၃-၉-၂၀၂၂ မှ ၂၅-၉-၂၀၂၂)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ စာကြည့်တာဝန်ခံ ဒုတိယဦးစီးမှူးများနှင့် စာကြည့်တိုက်လက်ထောက်-၃ ဝန်ထမ်းများ စုစုပေါင်း (၁၄)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ကျော်ကျော်အောင် (ခရိုင် ပြန်/ဆက်)