ဒေါဖျာကျေးရွာ အထကခွဲကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်း

ကော့ကရိတ် စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁ နာရီအချိန်က ဒေါဖျာကျေးရွာအထကခွဲကျောင်းဝင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ  ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဥ်တို့ကို လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးအောင်ကလူငယ်နှင့် ခေါင်းဆောင်၊ အားကစားအ​ကြောင်းသိကောင်းစရာများ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ကျောင်းသူ၊ ကျောင်းသားများကိုFitness Dance ကိုယ်လက် လှုပ်ရှားအားကစားကပြဆောင်ရွက်စေပြီး အားကစားပစ္စည်းများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူက လက်ခံရယူခဲ့ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)