ဟင်္သာတ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များနှင့် အပိုထပ်ဆောင်းဆေးများကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့ တာကလေးရပ် နတ်မော်လမ်း ပြည်လုံးချမ်းသာခန်းမတွင် ပုံမှန်ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက် ၁၈ နှစ်အထက် အကျုံးဝင်သူပေါင်း (၂၅၇၃၀၄)ဦးရှိပြီး ယနေ့အချိန်ထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၄၂၂၀၂)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၁၉၉၁၈၉)ဦး ရှိပြီဖြစ်ကြောင်း၊ ထို့အတူအခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ပေါင်း (၅၂၃၁၅) ဦးအား ကာကွယ်ဆေးထိုးနှံ ပေးရန် လျာထားခဲ့ရာ ကာကွယ်ဆေးပထမအကြိမ် (၅၁၈၉၇) ဦး၊ ဒုတိယအကြိမ် ထိထိုးနှံပြီးသူ ပေါင်း(၄၉၂၈၄) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရ သည်။
ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို နေ့စဉ်နံနက်(၉)နာရီမှ နေ့လယ်(၂)နာရီအထိ ဟင်္သာတမြို့ တာကလေးရပ် နတ်မော်လမ်း ပြည်လုံးချမ်းသာခန်းမတွင် ပုံမှန်ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ မည်သူမဆို လာရောက်ထိုးနှံနိုင်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ အသိပေးနှိုးဆော်ထားပြီး ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ