စဉ့်ကိုင်မြို့နယ် ကသဲကုန်းကျေးရွာ၌ မိုးနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ 

စဉ့်ကိုင်    စက်တင်ဘာ  ၂၃

နိုင်ငံတော်အစိုးရ၏ ပြည်သူများဆီစားသုံးမှု ဖူလုံရေးစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုနှင့် ဒေသခံတောင်သူများပူးပေါင်း၍  ကသဲကုန်းကျေးရွာတွင်  (၁၅) ဧကစမ်းသပ်စိုက်ပျိုးခဲ့ကြရာ ရေဆင်း-၁(စပ်မျိုး)မိုးနေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနက ရေဆင်း-၁ (စပ်မျိုး) မိုးနေကြာစမ်းသပ်စိုက်ပျိုးသွားရန် သက်တမ်းမှာ(၃)လသာ ကြာမြင့်မြင်မည်ဖြစ်ရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ခန့်မှန်းတင်း(၆၀)ထွက်ရှိနိုင်မည် ဖြစ်ကြောင်း လမ်းညွှန်ချက်အရ ပျဉ်းမနားရေဆင်းမှ နေကြာမျိုးစေ့များ ၀ယ်ယူ၍ ကြားသီးနှံအဖြစ်  စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ဘောင်စနစ်ဖြင့် တစ်ပင်နှင့်တစ်ပင်  ကိုးလက်မခွဲခြား၍(၅) ဧကစိုက်ပျိုးခဲ့ကြောင်း ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၃)သိန်း၀န်းကျင်သာ ကုန်ကြသည့်အတွက် မြေဆီအားသာချက်အပေါ် မူတည်ပြီး တစ်ဧကတင်း(၆၀)နှုန်းထွက်ရှိမည်ဟု ခန့်မှန်းထားရှိရာ ရောင်းချမည်မည်ဆိုပါက တစ်တင်းလျှင်ကျပ်ငါးသောင်းနှုန်း ခန့်မှန်းထားရှိသည့်အတွက်  တောင်သူများအနေဖြင့်   နေကြာကို ကြားသီးနှံအဖြစ် စိုက်ပျိုးသင့်ကြောင်း ကသဲကုန်းကျေးရွာမှ  မိုးနေကြာ  စိုက်ပျိုးသည့်  တောင်သူဦးအောင်၀င်းထံကသိရသည်။

နေကြာဆီသည် ကိုလက်စတောပါ၀င်မှုနည်းပါးခြင်း၊ မပြည့်ဝဆီဖြစ်ခြင်း၊ ဗီတာမင် E ပါဝင်မှုနှုန်းများခြင်း၊ နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်းတို့ကြောင့် ပြည်သူများ စားသုံးသင့်သောဆီဖြစ်ပြီး စဉ့်ကိုင်မြို့နယ်အနေဖြင့် မိုးနေကြာ  (၂၈၅၇) ဧကနှင့် ဆောင်းနေကြာ(၁၂၁၃၅) ဧကစုစုပေါင်း(၁၄၉၉၂)ဧက လျာထားလျက်ရှိရာ မိုးနေကြာစိုက်ပျိုးပြီးစီးမှုမှာ(၂၈၆၀)ဧက  ထိစိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)