ခရမ်းမြို့နယ်အတွင်း ရေကြီးနှစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ တိရစ္ဆာန်အစာ ဖြန့်ဝေပေးအပ်

ခရမ်း စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း ရေကြီးနှစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ တိရစ္ဆာန်အစာ ဖြန့်ဝေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခန်းအနားသို့ ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲမှ အဖွင့်အမှာစကားပြောကြားပြီး ခရမ်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစုစုလှဝင်းက ရေကြီးနှစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စုများမှ ကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာဖြန့်ဝေပေးအပ်ရသည့်ရည်ရွယ်ချက်နှင့် ကျွေးမွေးပုံနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့်ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာအုပ်စု (၁၀)အုပ်စုမှနွား (၁၂၀၀)အကောင်ရေအတွက် အစာအိတ်(၂၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာစုစုလှဝင်းတို့က ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကိုမင်း ( ခရမ်း )