လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

လှိုင်းဘွဲ  စက်တင်ဘာ ၂၃

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်ဘီးကျေးရွာတွင် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် လိုအပ်သော အာဟာ ရများကို ရရှိစေရန်အတွက် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသိပညာပေးလုပ်ငန်းကို ယမန်နေ့က ကွမ်ဘီကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက မိခင်များအနေဖြင့် မိမိကလေးငယ်များအား အာဟာရပြည့်ဝစေရန်အတွက် ပုံမှန်စားသုံးရမည့် အစားအစာများ၊ ရာသီအလိုက် ရောဂါများအနေဖြင့် ကူးစက်မှုမရှိအောင် ဂရုစိုက်ကြရန်၊ သံဓါတ် အားဆေး၊ ဗီတာမင် ဘီဝမ်း၊ ဘီတာမင် အေ၊ သန်ချဆေး၊ မိခင်နို့တိုက်ကျွေးခြင်း၊ ဖြည့်စွက်အစာ ကျွေးခြင်း စသည်တို့ကို ပုံမှန်ဆောင်ရွက်ရမည့်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကူးစက်ရောဂါ တို့မှ ကင်းဝေးစေရန်နှင့်လိုအပ်သော အာဟာရများကို ရရှိစေရန်အတွက် ကာကွယ်ဆေးတို့ကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)