သတင်းများ

လယ်ဝေးမြို့နယ်အတွင်း   Mask  Campaign ဆက်လက်ဆောင်ရွက်ကာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဆွေးနွေး
Sep 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်
ပေါက်ခေါင်းမြို့နယ် ကျေးရွာ(၄)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (၁၆၁၂)သိန်းလွှဲပြောင်းပေးအပ်
Sep 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းစီမံကိန်းဝင်ကျေးရွာ(၄)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေ (၁၆၁၂)သိန်းလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ကအဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများတွင်ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်းဆောင်ရွက်
Sep 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးလောင်မှုမီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်းကို ယနေ့နံနက်၁၀ နာရီက အဆိုပါအထက်တန်းကျောင်း နှင်းဆီဆောင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ ကျေးရွာခန်းမဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကုန်းဆွတ်ကျေးရွာအုပ်စု၊ မြေနီကျေးရွာ ခန်းမဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို
ကျောက်တံခါးမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ က အခြေခံပညာအလယ်တန်း(ခွဲ) (သူဌေးကုန်း)ကျောင်း၌ ကျင်းပခဲ့သည်။
မိုင်းယောင်းတွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး
Sep 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စစ်ကြောင်းကြီး (၅) ကြောင်း ဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်တွင် မြို့ကျက်သရေဆောင် ဟိုခုံပရိယတ္တိစာသင်တိုက်၌ အမှတ် (၄၊ ၇၊ ၈) ရပ်ကွက် ပြည်သူများ၏ လိုအပ်ချက်များကို ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်
Sep 22,2022
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကြေးထောက်ပံ့ခြင်း​ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ အထက်တန်းအဆင့် လူကုန်ကူးမှုဆိုင်ရာ ကျပန်းစကား ပြောပြိုင်ပွဲကျင်းပ
Sep 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ အထက်တန်းအဆင့် လူကုန်ကူးမှုဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲကို