လယ်ဝေး စက်တင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့ပါဝင်သည့်ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက အင်ဘုမီးပွိုင့်အနီးတွင် ဒေသခံများနှင့်ဖြတ်သန်းသွားလာနေသည့်ခရီးသွား ပြည်သူများအားMask များ ဖြန့်ဝေခြင်းနှင့်ယာဥ်စည်းကမ်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ Mask Campaign နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ ပြည်သူများအား နှာခေါင်းစည်း Mask(၁၀၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကူးစက်မြန် ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီလိုက်နာကြရန်၊ ပြည်သူ များ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်- ၁၉ရောဂါ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံနိုင်ရေးအသိပညာပေး၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဆွေးနွေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)