သတင်းများ

ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ဆောင်ရွက်
Sep 22,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူ
Sep 22,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ရှိ/မရှိ ကွင်းဆင်းကောက်ခံခြင်းကို ယနေ့၊ နံနက်(၉)နာရီက  ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်အတွင်း တစ်အိမ်ဝင်/ထွက်စနစ်ဖြင့် ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
ပဲခူးခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Sep 22,2022
ပဲခူးခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဒုတိယနေ့အဖြစ် အလှည့်ကျထုတ်ပေးလျက်ရှိသည်။
ပုလောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ လစဉ်ပုံမှန်ထုတ်ပေး
Sep 22,2022
မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့ ဘုရင့်နောင်စျေးကြီး၌ ပြည်သူများ နေ့စဉ်စားသုံးနေသည့် အသား၊ ငါးများ ကျန်းမာရေး ညီ/မညီ ကွင်းဆင်းစစ်ဆေး
Sep 22,2022
ပြည်သူများ နေ့စဉ်စားသုံးနေသည့် အစားအစာများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းစေရေးနှင့် သက်တမ်းလွန် အသား၊ ငါး၊ ပုစွန်များ စျေးကွက်တွင်း ရောင်းချမှု မရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ကရင်ပြည်နယ်၊ မြဝတီမြို့ ဘုရင့်နောင်စျေးကြီးတွင် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပူးပေါင်းဆောင်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံများစတင်စိုက်ပျိုး
Sep 22,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးရွာတောင်သူများသည် ဆီထွက်သီးနှံဖူလုံစေရေးအတွက် ဆောင်းနှမ်းလျင်သီးနှံများကို စတင်စိုက်ပျိုးလျက်ရှိသည်။
မုဒုံမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးလက်နေပြည်သူတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 22,2022
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ရပ်/ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်တိုးတက်စေရန် ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းငါးကြောင်း ပူးပေါင်းအဖွဲ့သည် ဘဲရမ်းကျေးရွာနှင့် မြို့မ (၁)ရပ်ကွက်ရှိ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံသည်။ 
သန်လျင်၌ ကိုဗစ်-၁၉ ကာကွယ်ရေး Mask Campaign ပြုလုပ်
Sep 22,2022
သန်လျင်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍ ယနေ့နံနက်တွင် သန်လျင်မြို့သိမ်ကျောင်းလမ်းမကြီးတလျောက် လူစည်ကားရာနေရာများ၊ သန်လျင်မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့သည်။