ဥတ္တရသီရိ စက်တင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ အထက်တန်းအဆင့် လူကုန်ကူးမှုဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ ရက် မွန်းလွဲ ၁ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲတွင် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နေပြည်တော်တိုင်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမျိုးသန့်က ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက အမျိုးသမီးများနှင့် လူကုန်ကူးမှုအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးခေါင်း စဉ်ဖြင့် လည်းကောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး(တာဝန်ပေး) ဦးမျိုးသန့်နှင့် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးတို့က ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)