ကျောက်တံခါးမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်တံခါး  စက်တင်ဘာ  ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ က  အခြေခံပညာအလယ်တန်း(ခွဲ) (သူဌေးကုန်း)ကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်   စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်တင်စန်း က  စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူများတောင်းဆိုနိုင်သည့် အခွင့်ရေးများ၊ နစ်နာသည့်စားသုံးသူများ တိုင်ကြားနိုင်မည့် အခြေအနေများနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာသိသင့်သိထိုက်သည်များအား ရှင်းလင်းပြောကြားပြီး  ကျောင်းမုန့်စျေးရောင်းချနေမှုအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်  (ပြန်/ဆက်)