သတင်းများ

ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးအတွက် သာဇီကျေးရွာအုပ်စုမှ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ
Sep 22,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက်    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်  ၁ နာရီက သာဇီကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြသည်။ 
နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး
Sep 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်ငွေများကို ယမန်နေ့က စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် မြို့နယ်သံဃာ့ဝန်ဆောင် (ဒုတိယ) နှစ်ပတ်လည်အခမ်းအနားကျင်းပ
Sep 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အောက်ချိုင်ရပ်၊ သီရိသာသနာ့ဓမ္မာရုံတွင်  ယနေ့နံနက် (၈) နာရီက မြို့နယ်သံဃာ့ဝန်ဆောင် (ဒုတိယ) နှစ်ပတ်လည်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာ (အ.လ.က-ခွဲ)တွင် ကျောင်းသား/သူများအား ပန်းခင်းစီမံချက်အဆင့်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး
Sep 22,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက် အဆင့်-၂ဖြင့် ရပ်ကွက်/ကျေးရွာများအရောက်
အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းဆွေးနွေး
Sep 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးဦးထုတ်မဆောင်းသူများနှင့် နံပတ်ပြားတပ်ဆင်ခြင်းမရှိသော ဆိုင်ကယ်များကို "ချက်ခြင်းဝယ် ချက်ခြင်းဆောင်း" ချက်ခြင်းဝယ်ချက်ခြင်းတပ်" စနစ်ဖြင့်ပညာပေး
Sep 22,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးဦးထုတ်မဆောင်းသူများနှင့် နံပတ်ပြားတပ်ဆင်ထားခြင်းမရှိသော ဆိုင်ကယ်များကို ချက်ခြင်းဝယ် ချက်ခြင်းဆောင်း၊ ချက်ခြင်းဝယ်ချက်ခြင်းတပ်ဆင်စနစ်ဖြင့် ပညာပေးခြင်းကိုအမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ ယနေ့နံနက် ၉ နာရီအချိန်က ဝိန်းကျောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ဆောင်ရွက်လျက်ရှိသည်။
မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး
Sep 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (ဗန်းမော်)သို့ နည်းပညာတက္ကသိုလ်(ဗန်းမော်) အီလက် ထရောနစ် အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကွင်းဆင်းလေ့လာ
Sep 22,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ် (ဗန်းမော်) အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ လက်ထောက်ကထိကနှင့် နည်းပြဆရာမ (၂)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၃)ဦးတို့က ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (ဗန်းမော်) ၏ ရုပ်သံဖမ်းယူထုတ်လွှင့်မှုလုပ်ငန်း အဆင့်ဆင့်အား လာရောက်ကွင်းဆင်းလေ့လာခဲ့ကြသည်။